ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ၆မိုင်ခွဲ၊ အမှတ်(၅၁)၊ ရွှေဟင်္သာကွန်ဒို၊ တာဝါ(B)၊ အခန်းအမှတ်(၁၀၈၊ မြေညီ)တွင် ရုံးခန်းဖွင့်လှစ်လုပ်ကိုင်လျက်ရှိသော Pristine Global Finance Company Limited မှ တာဝန်ရှိသူ၏ လွှဲအပ်ညွှန်ကြားချက်အရ အများသိစေရန်ကြေညာအပ်ပါသည်။
Pristine Global Finance Company Limited သည် ၂၀၁၅ ခုနှစ်ကတည်းကပင် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းလုပ်ငန်းတစ်ခုအဖြစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေ များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀၁၆ ခုနှစ် ငွေရေးကြေးရေးလုပ်ငန်းဥပဒေနှင့်အညီ မှတ်ပုံတင်လက် မှတ်အမှတ် NBFI/FC-05/11/2016 ဖြင့် တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ကောင်းသတင်းဖြင့် ယနေ့တိုင်ရပ်တည် လျက်ရှိပါသည်။
ယခုအချိန်တွင် Pristine Global Finance Company Limited ၏ အမည်အား ဖော်ပြလျက် လူမှုကွန်ရက်စာ မျက်နှာများတွင်လည်းကောင်း၊ အီလက်ထရွန်နစ်နည်းပညာအသုံးပြုသော နေရာများတွင်လည်းကောင်း၊ Pristine Global Finance Company Limited မှ ဆက်သွယ်နေသည်ဟု ထင်ယောင်ထင်မှားဖြစ်စေရန် ရည် ရွယ်ပြုလုပ်နေသည်များကို သိရှိရပြီး၊ ထိုမှတစ်ဆင့် ချေးငွေရယူလိုပါက ကြိုတင်အခကြေးငွေ (စပေါ်ငွေ)အား ပေးရမည်ဖြစ်ပြီး ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများမှဖြစ်စေ၊ ဘဏ်များမှဖြစ်စေ လွှဲပေးရန် တောင်းခံနေသည်ကို တွေ့ရှိရပါသည်။
Pristine Global Finance Company Limited ထံမှ ချေးငွေရယူမည်ဆိုပါက မည်သည့်ကြိုတင်အခကြေးငွေ (စပေါ်ငွေ) ကောက်ခံခြင်းမရှိသည့်အပြင် ထိုသို့တောင်းခံမှုမျိုးလဲပြုလုပ်ခြင်းမရှိပါ။ ဤကဲ့သို့ တောင်းဆိုမှုများ သည် ဥပဒေနှင့်အညီ ဖွဲ့စည်းတည်ထောင်ထားသော Pristine Global Finance Company Limited မှ ပြုလုပ်ခြင်းမရှိပါသောကြောင့် Pristine Global Finance Company Limited၏ အမည်ကောင်းသတင်းအား ထိခိုုက်နစ်နာစေသည့်အပြင် ကုမ္ပဏီ၏ လွှဲအပ်ညွှန်ကြားမှု မဟုတ်ပါကြောင်း၊ ထိုသို့ကုမ္ပဏီ၏အမည်အား နစ်နာစေသည့် ကိစ္စရပ်များပြုလုပ်နေခြင်းကို ရပ်တန့်ရန်နှင့် ပြုလုပ်ကြသူများအား သက်ရောက်ရာ ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။