Pristine Log

ကနဦးပေးသွင်းငွေ နဲ့ ကြိုတင်ငွေ ဘာကွာလဲ ❓

TIP-1

ဘယ်နေရာမှာပဲ ချေးငွေလျှောက်လျှောက် ကနဦးပေးသွင်းငွေ နဲ့ ကြိုတင်ငွေတို့ရဲ့ ကွာခြားချက်လေးကို သေချာလေး သိထားရင် အကောင်းဆုံးပဲမို့ “Pristine Global Finance” က အသေးစိတ် ပြောပြပေးပါရစေ။

Pristine Global Finance မှာ ချေးငွေလျှောက်တယ်ဆိုပါစို့…

ကနဦးပေးသွင်းငွေ ဆိုတာက

ကိုယ်က ပစ္စည်းတစ်ခုခုဝယ်ယူချင်လို့ Pristine မှာ အရစ်ကျစနစ် (Hire Purchase) နဲ့ ချေးငွေလျှောက် ထားတဲ့အခါ Pristine ဘက်က ချေးငွေလျှောက်ထားသူရဲ့ အချက်အလက်တွေကို အရင်ဆုံးစိစစ်ပြီးမှ ချေးငွေ ချေးပေးမယ့်သူကို ရွေးချယ်ပါတယ်။

ချေးငွေခွင့်ပြုမိန့်ကျပြီဆိုတာနဲ့ မိမိဝယ်ယူလိုတဲ့ ပစ္စည်း (ဥပမာ – မော်တော်ကား) ကို ရွေးချယ်လို့ရပါပြီ။ Pristine နဲ့ ချေးငွေလျှောက်သူ နှစ်ဦးနှစ်ဖက် သဘောတူညီမှုရရှိပြီးရင်တော့ စာချုပ်စာတမ်းနဲ့တကွ ချေးငွေ လျှောက်ထားမှုကို အောင်မြင်စေပါတယ်။ စာချုပ်ချုပ်ပြီးမှသာ မိမိဝယ်ယူချင်တဲ့ ပစ္စည်းတန်ဖိုးရဲ့ 30% ကို ကနဦးပေးသွင်းပေးရတာမို့ ခိုင်မာချက် အပြည့်အဝရှိပါတယ်။

ကြိုတင်စပေါ်ငွေဆိုတာက

ချေးငွေလုပ်ငန်းနာမည်ခံပြီး ငွေကြေးလိမ်လည်နေကြသူတွေသာ တောင်းလေ့ရှိကြပါတယ်။ ငွေကြေးလိုအပ် နေသူများက ချေးငွေလျှောက်ထားချင်တဲ့အခါ ချေးငွေလက်ထဲမရောက်ခင်၊ စာချုပ်စာတမ်း မချုပ်ဆိုခင်မှာ တင် ချေးငွေလျှောက်ထားနိုင်ဖို့အတွက် စပေါ်ငွေ သို့မဟုတ် အတိုးငွေကို အရင်ပေးသွင်းဖို့ မသမာသူများက တောင်းဆိုပြီး လိမ်လည်ကြတာမျိုးကို ဆိုလိုတာပါ။

ဥပမာ – ကိုယ်က ၅သိန်းချေးလိုတယ်ဆိုပါစို့။ ၅ သိန်းချေးဖို့ရာအတွက် တစ်ပြားတစ်ကျပ်မှ ကိုယ့်လက်ထဲ မရောက်သေးခင် ကိုယ့်အိတ်ထဲက ၅သောင်းကို ကြိုတင်စပေါ်ငွေ သို့မဟုတ် အတိုးငွေအဖြစ် ပေးသွင်းရတာ မျိုးပါ။ ပေးသွင်းလိုက်ပြီးရင်တော့ ချေးငွေမရတဲ့အပြင် အဲ့ဒီငွေ ငါးသောင်းပါ အဆုံးဖြစ်သွားတာမို့ အထူးသတိ ထား ရှောင်ကြည်သင့်ပါတယ်။

⚠️ ကြိုတင်စပေါ်ငွေဆိုတာကတော့ မှန်ကန်သော ချေးငွေလုပ်ငန်းတွေမှာ လုံးဝ မရှိပါဘူး။ ⚠️

qucik links

home

services

Repayment plans

news

FAq

Follow us

contact now

+959 400553378 info@pristineglobal.finance

qucik links

home

services

Repayment plans

news

FAq

Follow us

contact now

09 250 818 534

info@pristineglobal.finance

© 2024 pristine global finance company limited