Pristine Log

သင့် ငွေကြေးကို “၅၀/၃၀/၂၀” နည်းလမ်းနှင့် စီမံခန့်ခွဲပုံ

TIP-11

သင်က ပိုက်ဆံကို စီမံခန့်ခွဲတဲ့နေရာမှာ စာရင်းဇယားတွေနဲ့ ခက်ခက်ခဲခဲ၊ ရှုပ်ရှုပ်ထွေးထွေးတွေ နားမလည်ဘူး ဆိုရင် ၅၀/၃၀/၂၀ နည်းလမ်းကတော့ သင်နဲ့ကိုက်နေပါပြီ။

၅၀/၃၀/၂၀ နည်းလမ်းက လွယ်ကူပါတယ်။

ပထမဆုံး သင့်ဝင်ငွေစုစုပေါင်း ၁၀၀% ကို ၅၀%၊၃၀%၊၂၀% အစုလေးတွေအဖြစ် ခွဲလိုက်ပါ။

၅၀%

ဝင်ငွေရဲ့ ၅၀% ဟာ သင့်ရဲ့ အဓိကလိုအပ်ချက် စားဝတ်နေရေးအတွက်လိုလောက်ပါတယ်။ တလစာ မဖြစ်မနေ တကိုယ်ရေသုံးပစ္စည်းများနဲ့ အခြေခံစားသောက်ကုန်တွေအတွက်ထားပါ။

၃၀%

သင်လိုချင်တာလေးတွေ ဝယ်နိုင်၊ သုံးနိုင်ပါတယ်။ ဥပမာ စာအုပ်ဝယ်တာ၊ တစ်နေ့တာ အပျော်ခရီးထွက်တာ၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံစားသောက်တာမျိုးပေါ့။ ဒါပေမဲ့ အဲ့ဒီ ၃၀% ထဲကနေပဲ အကြွေးရှိရင် ဆပ်လိုက်ပါ။ အကြွေးမြန်မြန်ကြေလေ သုံးဖို့အတွက် ကျန်လေပါပဲ။

၂၀% ကျန်တဲ့ ၂၀% ကိုတော့ စုငွေအဖြစ်ထားပါ။ စုငွေဆိုတဲ့နေရာမှာ ခရီးထွက်ချင်လို့ ဒါမှမဟုတ် အပျော်အပါး တခုခုလုပ်ဖို့ စုတာတော့ မဖြစ်ရပါဘူး။ ဥပမာကျန်းမာရေးဆိုတာ အရေးပေါ်ဖြစ်လာနိုင်လို့ စုငွေထဲကပဲ အသုံး ပြုနိုင်ပါတယ်။ ၂၀% ကို စုငွေအဖြစ်စုနိုင်ဖို့ကတော့ ၅၀%/ ၃၀%/ ၂၀% နည်းလမ်းမှာ ပစ်မှတ်ပဲဖြစ်ပါတယ်။

qucik links

home

services

Repayment plans

news

FAq

Follow us

contact now

+959 400553378 info@pristineglobal.finance

qucik links

home

services

Repayment plans

news

FAq

Follow us

contact now

09 250 818 534

info@pristineglobal.finance

© 2024 pristine global finance company limited