Pristine Log

အပြုအမူနှင့်ဆိုင်သော ငွေကြေးဓနခန့်ခွဲနည်း သို့မဟုတ် မော်ဒန်ဘဏ္ဍာရေး

TIP-10

(Behavioral Economics) အပြုအမူ ဘောဂဗေဒဆိုတာ ကျမ်းရိုးဘောဂဗေဒကနေ ခွဲထွက်တဲ့ ဘာသာရပ်ပါ။ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ နဲ့ ခံစားမှုပိုင်းလွမ်းမိုးမှုကို လေ့လာပြီး စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်ရာ မှာ အသုံးပြုပါတယ်။

လူတွေဟာ ဆုံးဖြတ်ချက်ချရင် ကိုယ့်အတွက်အကောင်းဆုံးဆိုတဲ့ အကျိုးအကြောင်းရှိတာကိုပဲ ရွေးချယ် တတ်ပါတယ်။ ဒါပေမဲ့ သတင်းအချက်အလက်တွေနဲ့ လုပ်နိုင်စွမ်းတွေမှာ ကန့်သတ်ချက်တွေရှိတဲ့အတွက် အကောင်းဆုံးရလာဒ်တွေရအောင် မလုပ်ဆောင်နိုင်ကြဘူးလို့ တွေ့ရှိခဲ့ကြပါတယ်။

Lack of Information

ရေခဲမုန့်ရဲ့ဈေးကို လျှော့ပြီးရောင်းရင် သီအိုရီအရ ရောင်းအားတက်လာရမှာပါ။ တကယ်တော့ ရောင်းအားတက် မလာခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဈေးနည်းတဲ့ ပစ္စည်းက အရည်သွေးညံ့မယ်လို့ လူတွေက ထင်ကြလို့ပါ။ ဒီမှာဖြစ်တဲ့ ပြသနာက lack of information ပါ။ တကယ်တော့ အဲဒီရေခဲမုန့်ကဈေးချိုပြီး စားလို့အရသာရှိ တာကို လူတွေသိပ်မသိကြလို့ ရောင်းအားကျသွားတာပါ။

Framing Effect

ဘူးအခွံမှာ သကြား၂၅% ပါတဲ့ဒိန်ချဉ်နဲ့ သကြား ၇၅% မပါတဲ့ဒိန်ချဉ်လို့ ဖော်ပြထားရင် လူတွေက ဝယ်မယ် ဆိုရင် ၇၅% မပါဘူးဆိုတာကို ရွေးကြမှာပါ။ တကယ်တော့ အဓိပ္ပာယ်အတူတူပါပဲ။ ဖော်ပြချက်က အရေးကြီး ပါတယ်။

Psychological Pricing

Gym ဆော့ရင် တစ်နှစ်ကို သုံးသိန်းခြောက်သောင်းငါးထောင် ပေးရမယ်ဆိုပါစို့။ အဲလိုမပြောပဲ တစ်ရက်ကို တစ်ထောင်သာ ကျသင့်တယ်လို့ပြောတယ်။ အဲ့တာကို လူတွေက ပိုသဘောကျ ကျပါတယ်။

အချို့ ဆိုင်တွေကတော့ အဲ့လိုမဟုတ်ကြပါဘူး။ ဈေးကိုတင်ပြီး ရောင်းကြပါတယ်။ သဘောကတော့ ဈေးကြီး ရင် ပိုကောင်းတယ်လို့ ထင်တတ်ကြလို့ပါ။

Nudge Theory

အနောက်နိုင်ငံတွေမှာ ကလေးတွေ အဝလွန်တဲ့ရောဂါဖြစ်များလာတယ်။ ဒါကိုဖြေရှင်းဖို့ ကျောင်းမှာ ဆိုဒါ (Soda) မရောင်းရဘူး၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေပဲကျွေးရမယ်လို့ အကြံပေးကြတယ်။ ဒါပေမယ့် Behavioral Economist တွေက ကျောင်းမှာ Cafeteria ဖွင့်ပြီး အဲ့မှာ ကျန်းမာရေးနဲ့ညီတဲ့ အစား အစာတွေပဲ ရောင်းစေပါတယ်။ ကလေးတွေရဲ့ မျက်လုံးနဲ့ တစ်တန်းတည်းက စင်မှာ အသီးအရွက်တွေကို ထားစေပြီးတော့ အချိုပွဲလိုဟာမျိုးတွေကို စင်ရဲ့အောက်ဆုံးအဆင့် မှာထားစေပြီးတော့ ရောင်းစေခဲ့ပါတယ်။ ကျောင်းသားတွေက မျက်စိတစ်တန်းထဲမှာရှိတဲ့ ကျန်းမာရေးဓာတ်စာတွေကိုပဲရွေးပြီး စားသောက်ကြပါတယ်။

ကိုယ်ဖြစ်စေချင်တာကို အတင်းအကြပ်မတိုက်တွန်းဘဲ ဈေးကွက်ကို ကိုယ့်ဘက်ပါအောင် စည်းရုံးနိုင်ပါတယ်။

Loss Aversion

လူတွေက ဆုံးရှုံးမှုကိုရှောင်ချင်ကြတဲ့ သဘောရှိကြပါတယ်။ ဝါရှင်တန်ဒီစီမှာ ပလတ်စတစ်အစားထိုးအိတ်ကို ဝယ်သုံးမယ်ဆို ရင် ငါးဆင့်ပြန်အမ်းမယ်လို့ ကြေငြာတယ်။ ဒါပေမယ့် ပလတ်စတစ်သုံးစွဲတာ လျော့မသွားဘူး။ နောက်တော့ ပလပ်စတစ်အိပ်ကို ဝယ်သုံးရင် ငါးဆင့် tax ကောက်မယ်လို့ကြေငြာတဲ့အခါမှာတော့ ပလပ်စတစ် အစားထိုးပစ္စည်းတွေကိုပဲ ရှာသုံးကြပါတော့တယ်။ ဒီအချက်တွေကို သိထားရင် မိမိငွေကြေးကို စီမံခန့်ခွဲရာမှာ ကိုယ်တောင် မသိလိုက်တဲ့ အန္တရာယ်ရှိစိတ် သဘောထားတွေရဲ့ စွက်ဖက်မှုကို ရှောင်ရှားနိုင်သလို မိမိလုပ်ငန်းကိုလည်း ဖောက်သည်တွေရဲ့ စိတ်နေ သဘာဝကနေ အောင်မြင်စွာဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ဒီအချက်တွေကို သိထားရင် မိမိငွေကြေးကို စီမံခန့်ခွဲရာမှာ ကိုယ်တောင် မသိလိုက်တဲ့ အန္တရာယ်ရှိစိတ် သဘောထားတွေရဲ့ စွက်ဖက်မှုကို ရှောင်ရှားနိုင်သလို မိမိလုပ်ငန်းကိုလည်း ဖောက်သည်တွေရဲ့ စိတ်နေ သဘာဝကနေ အောင်မြင်စွာဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

qucik links

home

services

Repayment plans

news

FAq

Follow us

contact now

+959 400553378 info@pristineglobal.finance

qucik links

home

services

Repayment plans

news

FAq

Follow us

contact now

09 250 818 534

info@pristineglobal.finance

© 2024 pristine global finance company limited