Pristine Log

“အရင်းနည်းသော စီးပွားရေးစတင်ခြင်း”

IMG_0240

ကိုယ်ပိုင် စီးပွားရေးတစ်ခုစတင်လုပ်ဆောင်တော့မယ်ဆိုရင် အရင်းအနှီးကို ပထမဆုံး စဉ်းစားလေ့ရှိကြပါ တယ်။ Business Group တွေမှာ “ကျနော့်မှာအရင်းအနှီး ၁၀သိန်း၊သိန်း၁၀၀ လောက်ရှိတယ်။ ဘာလုပ် ငန်းလုပ်ရမလဲ”ဆိုတာ အမေးများဆုံးမေးခွန်းတစ်ခုပါ။

ဝန်ဆောင်မှုလုပ်ငန်း

ပစ္စည်းနဲ့ဝန်ဆောင်မှုဆိုရင် ဝန်ဆောင်မှုလုပ်ငန်းကိုရွေးချယ်ပါ။ ဘာလုပ်ငန်းမျိုးလုပ်မလဲ။ ပစ္စည်းရောင်းမှာ လား၊ ဝန်ဆောင်မှုပေးမှာလားဆိုတာ သိရပါမယ်။ လက်လီ၊လက်ကား စီးပွားရေးအများစုကတော့ အရင်းအနှီး လိုအပ်ချက်များပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အားသာချက်က အရင်းအနှီးအနည်းငယ်နဲ့ စတင်လို့ ရပါတယ်။ ကိုယ်က လက်ရှိဝန်ထမ်းဆိုရင် ကိုယ်အားလပ်တဲ့အချိန်တွေမှာ Freelance Service တွေလုပ်ပြီး ကိုယ့်ရဲ့စီးပွားရေးကိုစတင်နိုင်ပါတယ်။

ကျွမ်းကျင်ပါစေ

ကိုယ့်ရဲ့လုပ်ငန်းမှာ ကျွမ်းကျင်မှုရှိမယ်ဆိုရင် သင့်ရဲ့မိတ်ဖက်လုပ်ငန်းရှင်တွေက အလိုရှိလာပါလိမ့်မယ်။ လူသိ များလာပြီဆိုရင် ကိုယ်ပိုင်လုပ်ငန်းတစ်ခုအဖြစ်စတင်နိုင်ပါပြီ။ လုပ်ငန်းတစ်ခုမှာ ကျွမ်းကျင်ပိုင်နိုင်ဖို့ကတော့ အချိန်ကာလတစ်ခုတော့ ရင်းနှီးပေးဆပ်ရပါလိမ့်မယ်။

ကွန်ရက်ကိုချဲ့ထွင်

ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းနယ်ပယ်မှာ ကိုယ့်ရဲ့ကျွမ်းကျင်မှု၊ လုပ်ငန်းဆိုင်ရာတွေကို နည်းလမ်းမျိုးစုံသုံးပြီး ပုံရိပ်တက်အောင်လုပ်ပါ။ ထိပ်ပိုင်းနဲ့အလယ်အလတ်အဆင့် ရည်ရွယ်တဲ့စီးပွား၊ စီမံခန့်ခွဲမှုကျောင်းတွေ တက် ကြည့်ပါ။ အဲ့ဒီမှာ စီးပွားရေးလုပ်ငန်းရှင်တွေပါနေမယ်ဆို ကိုယ်လုပ်ငန်းစတင်တဲ့အခါ များစွာအသုံးဝင်ပါတယ်။

အင်တာနက် သုံးပါ

အင်တာနက်ဈေးကွက် အကြောင်းသိထားမယ်ဆိုရင်လည်း အွန်လိုင်းကနေ စီးပွားရေးစတင်ပြီး ဈေးကွက် ရှာဖွေနိုင်ပါတယ်။ ဒီခေတ်မှာ အင်တာနက်က လိုတရဖြစ်နေပါပြီ။ တစ်ချက်လေး ပေါက်သွားဖို့ပဲ လိုပါတယ်။

ပြိုင်ကြည့်

မြန်မာနိုင်ငံမှာ UMFCCI လိုအသင်းတွေက နှစ်စဉ် Business Challenges ပြိုင်ပွဲတွေလုပ်လေ့ရှိပါတယ်။ ဆု ရရင် ကိုယ့်ရဲ့စီးပွားရေးဉာဏ်အိုင်ဒီယာကို အကောင်အထည်ဖော်နိုင်သလို၊ ဆုမရရင်လည်း သဘောကျတဲ့ လုပ်ငန်းကြီးတွေက အကျိုးတူပူးပေါင်းလာနိုင်ပါတယ်။ ဒီလိုပြိုင်ပွဲတွေမှာပါဝင်ပြီ သင့်စီးပွားရေးအတွက် အစ ပျိုးနိုင်ပါတယ်။

qucik links

home

services

Repayment plans

news

FAq

Follow us

contact now

+959 400553378 info@pristineglobal.finance

qucik links

home

services

Repayment plans

news

FAq

Follow us

contact now

09 250 818 534

info@pristineglobal.finance

© 2024 pristine global finance company limited