Pristine Log

သတိပြုဖွယ် နိုင်ငံသား စိစစ်ရေးကတ်အတုနှင့် အွန်လိုင်းလိမ်လည်မှုအန္တရာယ်များ

Pristine Global AML(1361-2025)_002

မသမာသူများသည် ငွေကြေးလိမ်လည်မှု နည်းလမ်းအမျိုးမျိုးဖြင့် လိမ်လည်နေကြပါသည်။

ငွေကြေးဆုံးရှုံး ထိခိုက်နစ်နာမှုတွေ မဖြစ်ပေါ်စေရန်အတွက် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့မှ ထုတ်ပြန်သည့် “ သတိပြုဖွယ် နိုင်ငံသား စိစစ်ရေးကတ်အတုနှင့် အွန်လိုင်းလိမ်လည်မှုအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပေးလက်ကမ်းစာစောင်နှင့်ဆောင်ပုဒ်များ” ကို ကျွန်တောများ Pristine Global Finance Co., Ltd ၏ မိတ်‌ဟောင်းမိတ်သစ်များအားလုံး သတိထားကာကွယ်လိုက်နာရမည့် အရေးကြီးအချက်အလက်များကို ထပ်ဆင့်မျှဝေ ဖော်ပြပေးအပ်ပါသည်။

⚠️ အွန်လိုင်းလိမ်လည်မှုကျူးလွန်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်အလက်များအား ဒုစရိုက်သမားများ၏ တလွဲအသုံးချမှုမခံရစေရေးအတွက် ပြည်သူများသို့ သတိပေးနှိုးဆော်ချက် ⚠️

  • “မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်ကို မျှဝေခြင်းသည် မိမိကိုယ်ကို အန္တရာယ်ပေးခြင်းနှင့် တူသည်”
  • “မိမိ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကာကွယ်ခြင်းသည် မိမိ၏ တာဝန်ဖြစ်သည်”
  • “နိုင်ငံသာစိစစ်ရေးကတ်အတုများသည် သင့်အား အမူအခင်းပြဿနာများထဲသို့ ဆွဲခေါ်နိုင်သည်၊ သတိ  ထားပါ။
  • “စစ်မှန်သော နိုင်ငံသားစိစစ်ရေးကတ်ဖြင့်သော နိုင်ငံသားအဖြစ် ဂုဏ်ယူပါ”
  • “နိုင်ငံသားစိစစ်ရေးကတ်အတုများကို သုံးစွဲသူများသည် ရာဇဝတ်မှုတွင် ပါဝင်နေပါသည်”
  • “နိုင်ငံသားစိစစ်ရေးကတ်အတုများကို သုံးစွဲခြင်းသည် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေနိုင်သည်”

‼️နိုင်ငံသားစိစစ်ရေးကတ်နှင့် မိမိကိုယ်ရေးအချက်အလက်များအား ဒုစရိုက်သမားများ၏ တလွဲအသုံးချခြင်းမှ ကာကွယ်နိုင်သည့် နည်လမ်းများ‼️

  • မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်အား တရားဝင်လုပ်ငန်းကိစ္စရပ်များမှတစ်ပါး အခြားသူတစ်ဦးတစ်ယောက် ထံ မပေးပါနှင့်။
  • မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်အား မလိုအပ်ဘဲ မိတ္တူကူးယူ၍ မသက်ဆိုင်သူထံ ပေးအပ်ခြင်း မပြုပါနှင့်။
  • နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်အလက်များကို အွန်လိုင်းပေါ်တွင် မျှဝေခြင်း မပြုပါနှင့်။

မိဘပြည်သူများအနေဖြင့် အွန်လိုင်းလိမ်လည်မှုများမှတဆင့် ငွေကြေးဆုံးရှုံး ထိခိုက်နစ်နာမှုများစေဖို့ အထူးသတိ ပြုနိုင်စေရန် ယခုလို မျှဝေလိုက်ရပါတယ်။

ချေးငွေလျှောက်ထားခြင်းများကိုလည်း ကျွန်တော်တို့ Pristine Global Finance ၏ ချေးငွေ Application မှတဆင့် သောလည်ကောင်း၊ လူကိုယ်တိုင် ရုံးသို့ လာရောက်လျှောက်ထားခြင်းဖြင့်သောလည်းကောင်း အဆိုပါ နည်းလမ်း (၂) မျိုးဖြင့်သာ လက်ခံဆောင်ရွက်ပေးနေပါတယ်။

မည်သည့် Social Media များမှတဆင့် လက်ခံဆောင်ရွက်ပေးခြင်းများမရှိပါကြောင်း တစ်ပါတည်း အသိပေးမျှဝေ လိုက်ပါတယ်။

Our Solution Will Lead To Success

Pristine Global Finance Co., Ltd

qucik links

home

services

Repayment plans

news

FAq

Follow us

contact now

+959 400553378 info@pristineglobal.finance

qucik links

home

services

Repayment plans

news

FAq

Follow us

contact now

09 250 818 534

info@pristineglobal.finance

© 2025 pristine global finance company limited