Home Loan
အိမ်လေးတစ်လုံး ပိုင်ဆိုင်ဖို့ ကြိုးစားနေတာလား? မိသားစုတွေအတွက် နွေးထွေးလုံခြုံတဲ့ အိမ်လေးတစ်လုံး ဝယ်ချင်နေပြီလား? ကျွန်ုပ်တို့ Pristine Global Finance Co., Ltd ၏ Home Loan Program နှင့်အတူ သင့်ရဲ့ စိတ်ကူးထဲက အိမ်လေးကို ရယူလိုက်ကြပါစို့။
ချေးငွေအချက်အလက်
ကနဦးပေးသွင်းငွေ
၄၀% နှင့်အထက်
တစ်လလျှင် အတိုးနှုန်း
၂%
ချေးငွေသက်တမ်း
၁ နှစ် မှ ၅ နှစ်အထိ
လုပ်ငန်းစဉ်များနှင့် သတ်မှတ်ချက်များ
ဝယ်ယူမည့် မြေနှင့်အဆောက်အဦမှာ ရောင်းချသူအမည်ပေါက်နှင့် ဂရန်မြေအမျိုးအစား ဖြစ်ရမည်။
ကွန်ဒို၊တိုက်ခန်းများ ဝယ်ယူမည်ဆိုပါက BCC ရရှိပြီး မြေရှင်နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး မှ အသိသက်သေ လက်မှတ်ရေးထိုးပေးရန် လိုအပ်ပါသည်။
ရောင်းချမည့်သူမှ ကုမ္ပဏီ သို့ special Power/General Power လွှဲပြောင်းပေးရမည်။
ကာလပေါက်စျေးအား ပြင်ပမှ ရာဖြတ်အဖွဲ့အစည်းဖြင့် တန်ဖိုးသင့်ဆောင်ရွက်ရမည်ဖြစ်ပြီး ရာဖြတ်နှင့် ရှေ့နေဝန်ဆောင်မှု ကုန်ကျစရိတ် ကျသင့်ငွေများအား လျှောက်ထားသူမှ ကျခံရမည်ဖြစ်ပါသည်။
ဝယ်ယူမည့် အဆောက်အဦတွေ့ရှိပါက အဆောက်အဦးဓါတ်ပုံများ(အတွင်း၊အပြင်) တင်ပြရပါမည်။
ခွင့်ပြုချက်ရရှိပြီး ချေးငွေထုတ်ချေးချိန်တွင် ဝယ်ယူသည့် မြေနှင့်အဆောက်အဦ၊ တိုက်ခန်း/ကွန်ဒိုနှင့် ပတ် သက်သော စာချူပ်စာတမ်းမူရင်းများအား ကုမ္ပဏီသို့ ပေးအပ်ရမည်။
ဝယ်ယူမည့် မြေနှင့်အဆောက်အဦ၊ တိုက်ခန်း/ကွန်ဒို အား မီးအာမခံ ထားရှိပေးရမည်။
ချေးငွေကာလအား အများဆုံး(၅)နှစ်အထိသာ ခွင့်ပြုမည်ဖြစ်ပြီး တစ်လလျှင် အတိုးနှုန်း(၂%) နှင့် ကုမ္ပဏီမှ သတ်မှတ်ထားသော ဝန်ဆောင်ခများအား ပေးဆောင်ရပါမည်။
ချေးငွေအား လစဉ် အရစ်ကျ အရင်းနှင့်အတိုး ပြန်လည်ပေးဆပ်ရမည် ဖြစ်ပြီး အစိုးရရုံးပိတ်ရက် ဖြစ်ပါက မပိတ်ခင်တစ်ရက်ကြိုတင်ပေးသွင်းရမည်။
ချေးငွေစတင်ထုတ်ချေးသည့်နေ့တွင် လစဉ်ပေးသွင်းရမည့်ဇယား (Repayment Schedule) အား လက်ခံ ရရှိမည်ဖြစ်ပြီး လစဉ်လဆန်း (၃) ရက်နေ့တွင် ပြန်လည်ပေးသွင်းရမည် ဖြစ်ပါသည်။ကုမ္ပဏီမှ သတ်မှတ် ထားသည့် ငွေသွင်းရက်အား နောက်ကျကျော်လွန်ပါက နောက်ကျဒဏ်ကြေးအားပေးဆောင်ရပါမည်။
ချေးငွေအချက်အလက်
ကနဦးပေးသွင်းငွေ
၄၀% နှင့်အထက်
အတိုးနှုန်း
တစ်လလျှင် ၂%

လိုအပ်သောစာရွက်စာတမ်းများ
လူပုဂ္ဂိုလ်အချက်အလက်များ
လူပုဂ္ဂိုလ်အချက်အလက်များ
မှတ်ပုံတင် မူရင်း/မိတ္တူ
အိမ်ထောင်စုစာရင်း မူရင်း/မိတ္တူ
(၁) လအတွင်း ပြုလုပ်ထားသော ရပ်ကွက်ထောက်ခံစာမူရင်း
မှတ်ချက်။ ။ ဇနီးမောင်နှံရှိပါက စာချုပ်စာတမ်းများတွင် Joint လက်မှတ်ရေးထိုးရမည်ဖြစ်သည့်အတွက် အထက်ပါ ကိုယ်ပိုင်အချက်အလက်များ (၂) ဦးလုံး လိုအပ်ပါသည်။ (ဇနီးမောင်နှံမရှိပါက အိမ်ထောင်စုစာရင်းမှ (၁) ဦးလိုအပ်ပါသည်)
အရစ်ကျစနစ်ဖြင့် ချေးငွေလျှောက်ထားလိုကြောင်း ကိုယ်တိုင်ရေးသားထားသည့် လျှောက်လွှာ
ဝင်ငွေအထောက်အထား
ဝင်ငွေအထောက်အထား
လျှောက်ထားသူသည်ဝန်ထမ်းဖြစ်ပါက
ဝန်ထမ်းဖြစ်ကြောင်းထောက်ခံစာ (Company Letter Head၊ Company စည်းတုံး နှင့် HR ၏စည်းတုံး)
လစာဝင်ငွေရရှိကြောင်း လစာပြေစာ (သို့မဟုတ်) Bank Statement (၃) လစာ
ဝင်ငွေခွန်ပေးဆောင်ထားပါက ပေးဆောင်ထားကြောင်းပြေစာ
(မှတ်ချက်-မပေးဆောင်ပါကဖော်ပြပေး ရန်မလိုပါ)
လျှောက်ထားသူသည် ကုမ္ပဏီ (သို့) ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်ပါက
ကုမ္ပဏီမှတ်ပုံတင်လက်မှတ်နှင့် အစုရှယ်ယာစာရင်း /လုပ်ငန်းလိုင်စင်
အခွန်ပေးဆောင်ထားသော အခွန်ပြေစာ update
ဝင်ငွေထွက်ငွေအနေအထားပြစာရင်း(သို့) အရှုံးအမြတ်စာရင်း update
ကုမ္ပဏီအမည်ဖြင့် ဝယ်ယူပါက ဒါရိုက်တာအစည်းအဝေးဆုံးဖြတ်ချက်
လုပ်ငန်းဓါတ်ပုံ (ရှုထောင့်မျိုးစုံတင်ပြရမည်)
အသက်မွေးဝမ်းကြောင်းလုပ်ငန်းလုပ်ကိုင်ပါက
ဆရာဝန်၊ ရှေ့နေ၊ သင်္ဘောသား ၊ ကိုယ်ပိုင်အငှားယာဥ် မောင်းနှင်ခြင်း စသော အသက်မွေးဝမ်းကြောင်းများ လုပ်ငန်းလုပ်ကိုင်ပါက အသက်မွေးဝမ်းကြောင်း လိုင်စင်
ဝင်ငွေရရှိကြောင်း ကိုယ်တိုင်ရေးသားထားသော အပေါ်စာနှင့်တကွ Bank Statement (၃) လစာ